သာကေတ ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်သည်လည်း ပါဝင်လျက်ရှိရာ အဆိုပါ ရွေးကောက်ပွဲအပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ သာကေတမြို့အတွင်းရှိ ရပ်ကွက်ပေါင်း (၁၉) မှ မဲရုံများတွင် ယင်းနေ့နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူအများအပြားအေးချမ်းစွာဆန္ဒမဲပေးခဲ့ကြသည်။
ထိုသို့ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများကလွှတ်တော်တစ်ရပ်စီအတွက်ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့်မဲပေးချက်များ မှန်ကန်ကောင်းမွန်စွာအသုံးပြုနိုင်ရန်စနစ်တကျစစ်ဆေးခြင်းများ၊မဲပုံးအတွင်း Clear ဖြစ်ကြောင်း အသိသက်သေများ၏ ရှေ့မှောက်တွင်ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ကာ နံနက် ၆ နာရီတွင် မဲရုံဖွင့်လှစ်ကြောင်းနှင့် ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာသည်။
ယင်းနောက် မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲစာရင်းစစ်ဆေးခြင်း၊ လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲထည့်ခြင်း၊ဆန္ဒမဲထည့်ပြီးကြောင်းအမှတ်အသားအဖြစ်လက်သန်းတွင် မင်တို့ခြင်းများကိုစနစ်တကျဆောင်ရွက်ပေးခဲ့ကြပြီး ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများကလည်း မိမိ၏ဆန္ဒအလျောက် လွတ်လပ်စွာအေးချမ်းစွာဖြင့် သာကေတမြို့နယ် ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်(မဲအများဆုံးရအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၁)၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံးရအနိုင်ယူစနစ်) သာကေတမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒတို့၌ ဆန္ဒမဲပေးခဲ့ကြသည်။
သာကေတမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်ပေါင်း (၁၉) ရပ်ကွက်၌အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ကရင်တိုင်းရင်းသားလူမျိုး၊ ရခိုင်တိုင်းရင်းသားလူမျိုးအပါအဝင် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၃၉၄၆၄) ဦးရှိပြီး မဲရုံပေါင်း (၉၇) ရုံရှိရာ သက်ဆိုင်ရာမဲရုံများအလိုက်တာဝန်ကျသူများက လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြကာ လာရောက်မဲပေးသူမဲဆန္ဒရှင်ပြည်သူများကလည်း စနစ်တကျတန်းစီကာ လွတ်လပ်အေးချမ်းစွာဆန္ဒမဲပေးခဲ့ကြသည်။
သဲထက်ဇင်(ပြန်/ဆက်)