ဒေးဒရဲ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ယနေ့နံနက်(၆)နာရီမှ စတင်၍ မြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ကျင်းပဆောင်ရွက်လျက်ရှိသည်။
မြို့နယ်တွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပါဝင်မဲပေးလျက်ရှိရာ တိုင်းပြည်၏အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များကလည်း မဲရုံအသီးသီး၌ တက်ကြွပျော်ရွှင်စွာ ပါဝင် မဲပေးလျက်ရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် အမှတ် (၃) ရပ်ကွက်၊ မဲရုံ(၁) ဆန္ဒမဲလာရောက်ထည့်ခဲ့သည့် ကျောင်းသားတစ်ဦးက “ကျွန်တော့်အနေနဲ့ ပထမဆုံးအကြိမ် မဲပေးရတာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားရပေမယ့် ကိုယ်ကြိုက်တဲ့ပါတီကို စက်ခလုတ်နှိပ်ပြီး မဲပေးခဲ့ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ ကျွန်တော်တို့လူငယ်တွေ စုပေါင်းကြိုးစားဖို့ အသင့်ရှိနေပါတယ်။ ရွေးကောက်ပွဲကနေ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသည်။
ဒေးဒရဲမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ(၁၃၀၃၆၆)ဦးကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အေဇာလင်း