ဖျာပုံ ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့ဇန်နဝါရီ (၂၅)ရက် နံနက်(၆)နာရီတွင် စတင်ကျင်းပလျက်ရှိရာ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေး လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၃)အုပ်စု၌ မဲရုံပေါင်း (၁၆၄) ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁၃၀၃၆၆) ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)