ညောင်တုန်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့နံနက် ၆ နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကမဲရုံ အသီးသီးတွင် လွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ၌ မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက် ၆ နာရီမှစတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြပြီး စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက်အတွင်းအပြင် လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄)အုပ်စုတွင် မဲရုံပေါင်း (၂၀၂)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၅၈၄၅၁)ဦးရှိပြီး ဆန္ဒမဲရလဒ်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးကြပ်၍ မဲရုံအသီးသီး ဆန္ဒမဲရလဒ်များ စုပေါင်းကာ မဲရလဒ်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)