ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)စတင်ကျင်းပ

ဓနုဖြူ  ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများက မဲရုံအသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဆန္ဒမဲရလဒ်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များစုပေါင်းကာ မဲရလဒ်စာရင်းများကို ထုတ်ပြန်ကြေညာ သွားမည်ဖြစ်သည်။

ဓနုဖြူမြို့နယ်တွင် ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၃)အုပ်စုတွင် မဲရုံပေါင်း(၁၅၈)ရုံမှ မဲဆန္ဒရှင်ပြည်သူ (၁၁၄၆၆၄)ဦးရှိကြောင်း နှင့်ပြည်သူများကအေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)