ဖားကန့်မြို့၌ ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးလျက်ရှိ

ဖားကန့် ဇန်နဝါရီ ၂၅

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံများဖွင့်လှစ်လျက်ရှိရာ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃) တွင် ပါဝင်သည့် ဖားကန့်မြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများမှ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရွေးကောက်ပွဲကို နံနက် ၆ နာရီမှစတင်၍ ဖားကန့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးရှိ မဲရုံပေါင်း (၁၉) ရုံရှိသည့်အနက် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ စုပေါင်းရုံးတွင်ဖွင့်လှစ်ထားသော မဲရုံအမှတ် (၃၄)၊ (၃၅) နှင့် (၃၆)၊ မြို့မရပ်ကွက်နှင့် မရှီက‌ထောင်ရပ်ကွက်တို့အား ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် (၄၁)၊ (၄၈) နှင့် (၄၉)၊ ငှက်ပျောတောရပ်ကွက်၊ အေးမြသာယာရပ်ကွက်တို့အား ငှက်ပျော‌‌တောအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဖွင့်လှစ်ထားသော မဲရုံအမှတ် ( ၄၂)၊ (၄၃) တို့နှင့် ဖားကန့်မြို့နယ် ကာမိုင်းခြမ်းနှင့် လီဒိုလမ်းကြောရှိ ကျေးရွာ/ရပ်ကွက်များအတွက် ကာမိုင်းမြို့၊ မြို့မရပ်ကွက်ကာမိုင်း အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံအမှတ် (၂၄) နှင့် မြို့မအခြေခံပညာအထက်တန်းကျောင်းခွဲ၌ မဲရုံအမှတ် (၂၅)၊ လီဒိုလမ်းကြောရှိ ဒွန်ဘုန်းခကျေးရွာအုပ်စု၊ ဒွန်ဘုန်းခအ‌ခြေခံပညာမူလတန်းကျာင်း၌ မဲရုံအမှတ် (၁၅)၊ လဝါးကျေးရွာအုပ်စု လဝါးအခြေခံပညာအလယ်တန်းကျောင်း၌ မဲရုံအမှတ် (၁၆)၊ ဒွန်ဘန်ကျေးရွာအုပ်စု ဒွန်ဘန်အခြေခံပညာအထက်တန်းကျောင်းခန်းမ‌ဆောင်၌ မဲရုံအမှတ် (၁၇) နှင့် မန်ပန်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ မဲရုံအမှတ် (၁၈)၊ နောင်းမြီကျေးရွာအုပ်စု နောင်းမြီအခြေခံပညာအထက်တန်းခွဲ၌ မဲရုံအမှတ် (၂၀)၊ ဝါရာဇွပ်ကျေးရွာအုပ်စု ဝါရာဇွပ်အခြေခံပညာမူလတန်းလွန်စံပြကျောင်း၌ မဲရုံအမှတ် (၂၁) နှင့် ရှဒူဇွပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံအမှတ် (၂၂)၊ ကောင်ရာကျေးရွာအုပ်စု ကောင်ရာအခြေခံပညာမူလတန်းကျောင်း၌ မဲရုံအမှတ် (၂၆)၊ နန့်ယားကျေးရွာအုပ်စု နန့်ယားအခြေခံပညာအထက်တန်းကျောင်းခွဲ၌ မဲရုံအမှတ် (၂၉) တို့တွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိပြီး မဲရုံတာဝန်ရှိသူများကလည်း ပြည်သူများစနစ်တကျ လွယ်ကူစွာမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် ကျင်းပလျက်ရှိ‌သော ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုတို့မှ မဲရုံအသီးသီး၌လည်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)