တံတားမြို့အတွင်းရှိ မဲရုံများတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

တံတား ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အပိုင်း(၃)ကို   ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ   မဲရုံများတွင်ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း  သိရသည်။ 

၂၀၂၅ခုနှစ်  ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ တံတားမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ (၁၃)ရွာရှိပြီး  မဲရုံစုစုပေါင်း(၂၉)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများကဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက်မဲရုံများတွင် အေးချမ်းလုံခြုံစွာမဲပေးလျက်ရှိကြောင်း သိရသည်။

တံတား(ပြန်/ဆက်)