ခရမ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ရာ မဲရုံများတွင် ပြည်သူများ‌ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိ

ခရမ်း ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီအချိန်က စတင်ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာမဲရုံများတွင် ပြည်သူများ‌ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။

ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် မဲပုံများဖွင့်လှစ်စစ်ဆေးပြသခြင်းနှင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များဖြင့် စမ်းသပ်မဲဆန္ဒများပေးခြင်းတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပြီး နံနက် (၆) နာရီအချိန်တွင် မဲရုံများကိုတစ်ပြိုင်နက် ဖွင့်လှစ်ပေးခဲ့ရာ ဆန္ဒမဲပေးသူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ကြိုတင်ဖြန့်ဝေထားသည့် မဲစလစ်များနှင့် မဲစာရင်းများ ရှာဖွေခြင်းအပြင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို Tablet များဖြင့် မြန်ဆန်စွာရှာဖွေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၊ အပိုင်း(၃)၌ ခရမ်းမြို့နယ်တွင် ရပ်ကွက်(၁၃) ရပ်ကွက်၊‌ ကျေးရွာ(၅၃)အုပ်စု၊ မဲရုံစုစုပေါင်း(၁၀၄)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၂၅၇၀၆)ဦးရှိပြီး ရပ်ကွက်/ကျေးရွာ မဲရုံများအလိုက် ပြည်သူများအေးချမ်းလုံခြုံစွာ ‌ဆန္ဒမဲပေးနေလျက်ရှိကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)