ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူများပြား

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မဲရုံ(၆၈)ရုံ၌ ယနေ့နံနက် (၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ရာ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူများဖြင့် စည်ကားလျက်ရှိသည်။

ဟိုင်းကြီးကျွန်းမြို့အနေဖြင့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂)အုပ်စုတွင် မဲရုံပေါင်း(၆၈)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် စုစုပေါင်း (၆၈၁၂၀)ဦးရှိရာ ယနေ့နံနက်ပိုင်းတွင် မဲရုံအသီးသီး၌ ဆန္ဒမဲပေးသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)