ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိ

ဒဂုံ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် (၆) နာရီတွင် စတင်ကျင်းပခဲ့ပြီး ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် မဲရုံစုစုပေါင်း (၁၄) ရုံရှိသည့်အနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၀၃၈၇) ဦးရှိပြီး မဲရုံစတင် ဖွင့်လှစ်သည့် အချိန်မှ၍ မဲရုံအသီးသီး၌ ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ၌ ဒဂုံမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း (၃) ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုဂရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း (၃) ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်း (၂) ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်း (၃) ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း (၂) ဦး၊ ပြည်သူ့ ပါတီ(PP)မှ ကိုယ်စားလှယ်လောင်း (၂) ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၁၅) ဦးဝင်ရောက် ယှဉ်ပြိုင်ကြောင်း သိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)