ရေကြည် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ယနေ့နံနက် (၆)နာရီအချိန်မှစတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများက မဲရုံအသီးသီးတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျင်းပရာ၌ ရေကြည်မြို့နယ်ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက် (၆) နာရီအချိန်မှ စတင်ကာ မဲရုံများ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြသည်။ အဆိုပါဆန္ဒမဲ ရလဒ်များအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များမှ ဆန္ဒမဲရလဒ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှ ဆန္ဒမဲရလဒ်များ စုပေါင်းကာ မဲရလဒ်စာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
ရေကြည်မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၉၉) အုပ်စုရှိ မဲရုံပေါင်း (၁၁၀) ရုံတွင် ဖွင့်လှစ်ထားရှိ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းတည်ငြိမ်စွာဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)