ငပုဝောာမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ ပြည်သူများစိတ်အေးချမ်းစွာ လာရောက်မဲပေး

ငပုတော         ဇန်နဝါရီ        ၂‌၅

၂၀၂၆ခုနှစ် ဇန်နဝါရီ၂၅ရက်‌တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်၌   ပြည်သူများစိတ်အေးချမ်းစွာ လာရောက်မဲပေးလျှက်ရှိကြောင်း သိရသည်။

မဲရုံဖွင့်လှစ်ချိန်မှစတင်ကာမဲရုံအသီးသီး၌ ပြည်သူများစိတ်အေးချမ်းစွာမဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့်မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျှက်ရှိသည်။

ငပုတောမြို့နယ်တွင်၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၂၀၀၂၃၇)ဦးရှိပြီးမြို့နယ်အတွင်းရှိရပ်ကွက်(၉)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၃)အုပ်စု၌မဲရုံပေါင်း(၂၄၅)ရုံဖွင့်လှစ် ဆောင်ရွက်လျှက်ရှိသည်။

ငပုတောမြို့နယ်တွင်ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီ(၇)ခုဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်(၄)ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)