ခရမ်း ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီ ၂၅ ရက်နေ့နံနက် ၆ နာရီမှစ၍ မဲရုံ (၁၀၄) ရုံတွင် တစ်ပြိုင်နက်တည်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မဲရုံများဖွင့်လှစ်ရာတွင် သက်ဆိုင်ရာမဲရုံမှူးများက Hand Speaker ဖြင့် မဲရုံဖွင့်လှစ်ကြောင်း ကြေညာခဲ့ရာ မဲဆန္ဒရှင်များက နိုင်ငံသားကတ်နှင့် မဲစလစ်များကိုင်ဆောင်၍ မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်းများပြုလုပ်၍ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် (၁၃) ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၃)ရွာ ရှိရာ မဲရုံပေါင်း (၁၀၄) ရုံဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒရှင်များ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ (၁၂၅၇၀၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ခရမ်း(ပြန်/ဆက်)