လမ်းမတော်မြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိ

လမ်းမတော် ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပလျက်ရှိရာ မဲရုံများတွင် ပြည်သူများအနေဖြင့် အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။

လမ်းမတော်မြို့နယ်တွင် ရပ်ကွက် (၁၃) ရပ်ကွက်ရှိပြီး မဲရုံ (၂၂) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများက ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက် မဲရုံများတွင် အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနေလျက်ရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်