ငါးသိုင်းချောင်းမြို့တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)စတင်ကျင်းပ

ငါးသိုင်းချောင်း     ဇန်နဝါရီ     ၂၅

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ငါးသိုင်းချောင်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်(၆)နာရီမှစတင်ကျင်းပရာ မြို့အတွင်းရှိ ပြည်သူများကမဲရုံများတွင် အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကျင်းပရာ၌ ငါးသိုင်းချောင်းမြို့ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက နံနက် ၆ နာရီမှစတင်ကာ မဲရုံများဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများက မဲရုံများစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် ရွေးကောက်ပွဲစည်းမျဥ်းဥပဒေများအတိုင်း လိုက်နာကာ ဆန္ဒမဲများပေးခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ (၅)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)