ဒေးဒရဲမြို့နယ်တွင် နေ့လယ်(၁၂)နာရီအချိန်၌ ဆန္ဒမဲပေးသူရာခိုင်နှုန်း (၅၈.၆၀) ရာခိုင်နှုန်းရှိ

ဒေးဒရဲ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျင်းပလျက်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အား မဲရုံ (၁၆၄)ရုံဖြင့် နံနက်(၆)နာရီမှ စတင်၍ မဲရုံများဖွင့်လှစ်ကျင်းပဆောင်ရွက်ခဲ့ရာ နေ့လယ် (၁)နာရီထိ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံး၏ မဲပေးမှု ရာခိုင်နှုန်း(၅၈.၆၀)ရာခိုင်နှုန်းရှိပြီဖြစ်သည်။

ဒေးဒရဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၉၃)အုပ်စုရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူဦးရေ (၁၃၀၃၆၆)ဦး ရှိရာ ယနေ့နေ့လယ်(၁)နာရီအချိန်ထိ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် (၇၂၁၂၉)ဦး မဲပေးပြီးဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် (၅၈.၆၀)ရာခိုင်နှုန်း မဲပေးပြီးစီးကြောင်း သိရသည်။

အေဇာလင်း