ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ရာ ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှ စတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များ စစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီးအမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအား ပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ နံနက် ၆ နာရီ အချိန်တွင် မဲရုံစတင်ဖွင့်လှစ်ကြောင်း မဲရုံမှူးများမှ ကြေညာချိန်မှ စတင်ကာ မဲရုံအသီးသီး၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။
ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၆၈၁၂၀) ဦးရှိပြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စုတွင် မဲရုံပေါင်း(၆၈)ရုံ ဖွင့်လှစ်ကာ ပြည်များဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဟိုင်းကြီးကျွန်းမြို့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅) ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် (၄) ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် (၅) ဦးတို့ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)