ဧရာဝတီတိုင်းဒေသကြီးအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးနေမှုအား ကြည့်ရှုအားပေး

ဒေးဒရဲ ဇန်နဝါရီ ၂၅

(၂၀၂၅) ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲရုံများ၌ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲလာရောက်ပေးနေမှုအားယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊  စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ဒေးဒရဲမြို့နယ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီး၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲလာရောက်ပေးနေမှုအား ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်ခဲ့ပြီး ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ခံများအား ဆန္ဒမဲ လာရောက်ပေးသည့် ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးနှင့် စနစ်တကျဖြစ်စေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု (၉၃)အုပ်စု၌ မဲရုံပေါင်း(၁၆၄)ရုံအား ဆန္ဒမဲပေးရန် ဆောင်ရွက်ထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၃၀၃၆၆)ဦး ရှိကြောင်း သိရသည်။

အေဇာလင်း