ဗိုလ်တထောင် ဇန်နဝါရီ ၂၅
စာရေးဆရာမ သူဇာနွယ်(ဖျာပုံ) ပထမဦးဆုံးရေးသားသည့် “ကျွန်မဘဝက ကျွန်မစာ” စိတ်ခွန်အားပေးစာစုများ စာအုပ်မိတ်ဆက်ပွဲနှင့် ခေတ်မျက်ဝန်းစာပေ၏ စာပေတိုက်အသစ် စာပေရင်ခွင်သို့ မိတ်ဆက်အပ်နှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The lantern House ၌ ကျင်းပပြုလုပ်ရာ စာပေလောကသားများ တက်ရောက်ခဲ့သည်။
ဦးစွာ ဆရာမ သူဇာနွယ်(ဖျာပုံ)က မိတ်ဆက်စကားပြောကြားပြီး ဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ)က ခေတ်မျက်ဝန်းစာပေတိုက်အား စာပေလောကသားများ၏ စာပေရင်ခွင်သို့ မိတ်ဆက်အပ်နှံကာ မုဒိတာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာစာဌာန ပါမောက္ခ ( ဌာနမှူး) သမိုင်းသုတေသီ ဒေါက်တာအောင်ဇော် (ကိုဇော် - ရန်ကုန်တက္ကသိုလ်) ၊ ဆရာကြီး ဦးတင်ညွန့်၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုရွေးချယ်ရေးကော်မတီဝင် ပါမောက္ခ ဒေါက်တာစိုးနိုင်၊ ဆရာဖိုးအောင်လေး (ဆရာဇော်ဂျီစာကြည့်တိုက် အတွင်းရေးမှူး) တို့က မုဒိတာစကားများ ပြောကြားခဲ့ကြပြီး ဆရာမ သူဇာနွယ် (ဖျာပုံ) က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။
စာရေးဆရာမ သူဇာနွယ် (ဖျာပုံ) ရေးသားသည့် ကျွန်မဘဝက ကျွန်မစာ စိတ်ခွန်အားပေးစာစုများစာအုပ်သည် ဆရာမ သူဇာနွယ် (ဖျာပုံ)၏ ပထမဦးဆုံးစာအုပ်ဖြစ်ပြီး ခေတ်မျက်ဝန်းစာပေ၏ ပွဲဦးထွက်လက်ရာစာအုပ်လည်းဖြစ်သည်။ ခေတ်မျက်ဝန်းစာပေမှ ကလေးစာပေနှင့်သုတစာပေများ၊ ရသစာအုပ်အမျိုးမျိုး လက်လီ၊ လက်ကားဖြန့်ချီလျက်ရှိကာ ခေတ်မျက်ဝန်းစာပေနှင့် ဆက်သွယ်လိုပါက ခေတ်မျက်ဝန်းစာပေ အမှတ် (၄၄၃) မြို့ပတ်လမ်းမပေါ် (ဘိုးဘွားရိပ်သာလမ်းနှင့် လိပ်ဥကုန်းဘုရားလမ်းကြား) ၁၇ / ရပ်ကွက်၊ ဖျာပုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး ၊ ဖုန်း ၀၉ ၄၂၂ ၄၈၈ ၉၀၉၊ ၀၉ ၄၀၄ ၉၃၈ ၇၇၀၊ ၀၉ ၉၈၁ ၁၆၃ ၉၂၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဆရာမ သူဇာနွယ် (ဖျာပုံ) ပထမဆုံးရေးသားသည့် အဆိုပါစာအုပ်တွင် စိတ်ခွန်အားပေးသည့် စာစုပေါင်း ၁၀၀ ကျော်ပါဝင်ပြီး ဦးသန်းနိုင် English For Student's စာပေ အမှတ် ၂၃၇ မြေညီ ၃၉ လမ်းအထက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မှ ထုတ်ဝေပြီး ခေတ်မျက်ဝန်းစာပေ (အမှတ် ၄၄၃) ၊ မြို့ပတ်လမ်းမပေါ် ( ဘိုးဘွားရိပ်သာလမ်းနှင့်လိပ်ဥကုန်းဘုရားလမ်းကြား) ၁၇ / ရပ်ကွက်၊ ဖျာပုံမြို့ ဧရာဝတီတိုင်းဒေသကြီး ဖုန်း ၀၉ ၄၂၂၄၈၈၉၀၉၊ ၀၉ ၄၀၄၉၃၈၇၇၀၊ ၀၉ ၉၈၁၁၆၃၉၂၄ မှ တစ်အုပ်လျင် ၇၀၀၀ ကျပ်နုန်းဖြင့် ဖြန့်ချိကြောင်း သိရသည်။
ခင်ဝင်း( ပြန်/ဆက် )