ရွှေကူ ဇန်နဝါရီ ၂၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီက စတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းရှိ သက်ဆိုင်ရာမဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးလျက်ရှိသည်။
အဆိုပါရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ အမှတ် (၁) ရပ်ကွက်၌ အခြေခံပညာအလယ်တန်းကျောင်း ခုံခမ်းကျောင်းတွင် မဲရုံအမှတ် (၁)၊ အခြေခံပညာမူလတန်းကျောင်းရှမ်းကုန်းကျောင်းတွင် မဲရုံအမှတ် (၂)၊ အမှတ် (၂) ရပ်ကွက်၌ အခြေခံပညာအထက်တန်းကျောင်း၌ မဲရုံအမှတ် (၃)၊ ရွှေမြင်းသတင်ခန်းမ၌ မဲရုံ (၄)၊ အမှတ် (၃) ရပ်ကွက်အတွင်း အခြေခံပညာမူလတန်းကျောင်းတွင် မဲရုံအမှတ် (၅)၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံအမှတ် (၆)၊ အခြေခံပညာအလယ်တန်းကျောင်း ဘောဂဗလကျောင်းတွင် မဲရုံအမှတ် (၇)၊ တောပုန်းကျေးရွာအုပ်စုအတွင်း အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ မဲရုံအမှတ် (၈)၊ လယ်ပြင်ကြီးမီးသတ်စခန်း၌ မဲရုံအမှတ် (၉)၊ အခြေခံပညာမူလတန်းကျောင်း ရေပြန်လေးကျောင်း၌ မဲရုံအမှတ် (၁၀)၊ အခြေခံပညာအလယ်တန်းတပ်တွင်းကျောင်း၌ မဲရုံအမှတ် (၁၁)၊ ငါးဘတ်ကြီးကျေးရွာအတွင်း မဲရုံအမှတ် (၁၂) စသည့်မဲရုံအသီးသီးတို့၌ ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲဆန္ဒပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် ရွှေကူမြိုနယ်အနေဖြင့် ဆန္ဒမဲပေးခွင့်ရှိသူ (၂၂၈၀၀) ဦးရှိကြောင်းနှင့် ရွေးကောက်ပွဲအတွက် အမျိုးသားလွတ်တော်တွင် ပါတီ (၅) ပါတီမှ ကိုယ်စားလှယ်လောင်း (၅) ဦး၊ ဗမာတိုင်းရင်းသားလူမျိုးလွတ်တော်အတွက် ပါတီ (၆) ပါတီမှ ကိုယ်စားလှယ်လောင်း (၆) ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုးလွတ်တော်အတွက် ပါတီ (၃) ပါတီမှ ကိုယ်စားလှယ်လောင်း (၃) ဦး၊ လီဆူးတိုင်းရင်းသားလူမျိုးလွတ်တော်အတွက် ပါတီ (၄) ပါတီမှ ကိုယ်စားလှယ်လောင်း (၄) ဦး၊ ရဝမ်တိုင်းရင်းသားလူမျိုးလွတ်တော်အတွက် ပါတီ (၄) ပါတီမှ ကိုယ်စားလှယ်လောင်း (၄) ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)