မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြ ဆက်သွယ်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြဆက်သွယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာ အောင်မျိုးကျော်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်း ခေါင်းဆောင်အား ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျောင်းအုပ်ကြီးဦးတင်ကိုကိုက သင်တန်းတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါအငယ်တန်းအင်ဂျင်နီယာ -၃ အချက်ပြဆက်သွယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၃/၂၀၂၆) ကို ရထားသင်တန်းဌာနခွဲက ဖွင့်လှစ်ခဲ့ပြီး ၎င်းသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့၍ သင်တန်းကာလမှာ ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)