ဒဂုံအရှေ့ ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်ပေါင်း (၄၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) စုရှိပြီး မဲရုံပေါင်း (၉၆) ရုံရှိကာ သက်ဆိုင်ရာရပ်ကွက်များရှိ မဲရုံအသီးသီးတွင် လွှတ်တော်မဲဆန္ဒနယ်အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဆန္ဒမဲပေးကြသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦး၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
အေးမဉ္ဇူ