ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပ

ငါန်းဇွန် ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကေက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက် ၆ နာရီမှစ၍ ကျင်းပလျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မြို့ပေါ်ရပ်ကွက် (၄) ခုတွင် မဲရုံ (၅) ဖြင့် ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းပျော်ရွင်စွာ လာရောက်မဲပေးလျက်ရှိသည်။

ငါန်းဇွန်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းရှိ (၆၅၉၀) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကောမရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သက်နောင်ဦး