ဒေးဒရဲမြို့နယ်၌  ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ တိုင်းရင်းသား ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

ဒေးဒရဲ ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများကလည်း ဆန္ဒမဲ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၀)တွင် မဲရုံပေါင်း(၁၆၄)ရုံနှင့် ကရင်တိုင်းရင်းသား မဲရုံ  (၁၁၄)ရုံနှင့် ရခိုင်တိုင်းရင်းသား မဲရုံ ၄၀ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အမျိုးသား (၆၂၂၁၃)၊ အမျိုးသမီး (၆၈၁၅၃)၊ ပြည်သူ စုစုပေါင်း (၁၃၀၃၆၆)ဦးရှိကြောင်း သိရသည်။

ဒေးဒရဲ (ပြန်/ဆက်)