အောင်မြေသာစံ ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောက်ဆည်တက္ကသိုလ်၏ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်က ဘာသာရပ်အလိုက် မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့ ရရှိသူ ကျောင်းသား၊ ကျောင်းသူ ၆၉၂ ဦး၊ အဝေးရောက်ဘွဲ့ယူသူ ၂၂ ဦးတို့ကို ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားသည်။
ကျောက်ဆည်တက္ကသိုလ်ကို ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဘာသာရပ် ၁၄ ခုကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြင့်မော်ထွန်း