မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောက်ဥက္ကလာပမြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများတက်ကြွစွာ မဲပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု ၊ မဲရုံ ၁၄၀ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း ၂၀၃၆၁၉ ဦးရှိရာ ပြည်သူများ ဆန္ဒမဲလာရောက် ပေးလျက်ရှိသည်။
သက်လွင်စိုး(ပြန်/ဆက်)