ကျောက်တန်း ဇန်န၀ါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ဇန်န၀ါရီ(၂၅) ရက်နေ့တွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများတွင် ယနေ့နံနက် ၆ နာရီကစတင်၍ မဲရုံများစတင်ဖွင့်လှစ်ခဲ့သည်။
ကျောက်တန်းမြို့နယ်အတွင်း၌ ရပ်ကွက်(၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၅)အုပ်စုတွင် တတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၁၄၅၅၃၃)ဦးရှိပြီး မဲရုံ (၁၂၉) ရုံရှိကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲတွင်ပါတီ(၆)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး မဲဆန္ဒရှင်ပြည်သူများက မိမိတို့ကြိုက်နှစ်သက်သည့် ပါတီအားလွတ်လက်စွာ ဆန္ဒမဲပေးလျက်ရှိရာ မဲရုံများတွင်လည်း မဲရုံမှူးနှင့်အဖွဲ့ဝင်များက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)