ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) တွင် ပါတီ(၁၀)ပါတီနှင့်တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ်လောင်း(၃၂)ဦးဝင်ရောက်ယှဉ်ပြိုင်

ဒဂုံဆိပ်ကမ်း  ဇန်နဝါရီ  ၂၅

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း(၁၀) ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း (၅)ဦး၊ အမျိုးသားအားမာန်သစ်ပါတီမှ ကိုယ်စားလှယ်လောင်း (၂)ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်း(၃)ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း(၅)ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ကိုယ်စားလှယ်လောင်း(၄)ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ  ကိုယ်စားလှယ်လောင်း(၃)ဦး၊ လေဘာပါတီမှ ကိုယ်စားလှယ်လောင်း(၁)ဦး၊ ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း (၄)ဦး၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း (၃)ဦး၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း(၁)ဦး၊ တစ်သီးပုဂ္ဂလ (၁)ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦးဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် (၂၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)ရွာရှိရာ မဲရုံပေါင်း (၈၇)ရုံဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး တိုင်းရင်းသား မဲဆန္ဒရှင်များ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ (၁၁၆၇၄၆) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)