ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မဲရုံအရောက် အကြို၊ အပို့များ ဆောင်ရွက်ပေးလျက်ရှိ

ဒဂုံဆိပ်ကမ်း     ဇန်နဝါရီ    ၂

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)အား ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌  ဇန်နဝါရီ ၂၅ ရက် နံနက်  ၆ နာရီမှ စတင်၍ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ် ဆန္ဒမဲများပေးနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပေးနှိုးဆော်ခြင်းနှင့် မဲရုံအရောက်အကြိုအပို့ဆောင်ရွက်ပေးသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် (၂၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄)ရွာရှိရာ မဲရုံပေါင်း (၈၇)ရုံဖွင့်လှစ်ထားရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင်များအပါအဝင် မဲပေးပိုင်ခွင့်ရှိသူ (၁၁၆၇၄၆) ဦးရှိရာ မဲစာရင်းတွင်ပါရှိပြီး ဆန္ဒမဲပေးရန်ကျန်ရှိသည့် ပြည်သူများအား မိမိတို့မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမဲရုံများတွင် ညနေ ၄ နာရီထက်နောက်မကျဘဲ ဆန္ဒမဲလာရောက်ပေးနိုင်ရေးအသိပေးနှိုးဆော်ခြင်းများကို ရပ်ကွက်/ ကျေးရွာများအလိုက် အသိပေးနှိုးဆော်ခဲ့ကြသည်။ ထို့အပြင် မဲရုံသို့ သွားရောက်ရန် အခက်အခဲရှိသည့် ပြည်သူများအား အကြို၊ အပို့ မော်တော်ယာဉ်များ၊ ဘေးတွဲဆိုင်ကယ်များဖြင့် အခမဲ့လိုက်ပါပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)