ကျောက်ဆည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးထားရှိပြီး မုံန့်ပေါင်းကျေးရွာ၌ တောင်သူဦးကိုကိုလေး စိုက်ပျိုးထားသော ဆောင်းကုလားပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဆောင်းကုလားပဲများ စိုက်ပျိုးရာတွင် မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ မြေပြုပြင်စိုက်ပျိုးမှသာ အပင်ပေါက် ညီညာ၍ အပွင့်ဝင်ချိန်၌ အစိုဓာတ်မပြတ်ရေသွင်းပေးနိုင်ပါက အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းသေချာကြောင်း ကုလားပဲစိုက် တောင်သူများပြောပြ၍ သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲများကို တိုက်နယ်(၁)မှ ကျေးရွာအုပ်စုများတွင် ၁၇၆၇ ဧက၊ တိုက်နယ်(၂)မှ ကျေးရွာအုပ်စုများတွင် ၂၁၃၁ ဧက၊ တိုက်နယ်(၃)မှ ကျေးရွာအုပ်စုများတွင် ၄၆၄၃ ဧက၊ တိုက်နယ်(၄)မှ ကျေးရွာအုပ်စုများတွင် ၁၅၇၆ ဧက၊ တိုက်နယ်(၅)မှ ကျေးရွာအုပ်စုများတွင် ၂၄၃၁ ဧက၊ တိုက်နယ်(၆)မှ ကျေးရွာအုပ်စုများတွင် ၁၉၁၃ ဧက၊ တိုက်နယ်(၇)မှ ကျေးရွာအုပ်စုများတွင် ၂၂၁ ဧက၊ တိုက်နယ်(၈)မှ ကျေးရွာအုပ်စုများတွင် ၄၃၀၂ ဧက၊ တိုက်နယ်(၉)မှ ကျေုးရွာအုပ်စုများတွင် ၃၀၇၆ ဧက၊ တိုက်နယ်(၁၀)မှ ကျေးရွာအုပ်စုများတွင် ၃၇၅၉ ဧက၊ တိုက်နယ်(၁၁)မှ ကျေးရွာအုပ်စုများတွင် ၂၄၆၁ ဧက၊ တိုက်နယ်(၁၂)မှ ကျေးရွာအုပ်စုများတွင် ၃၈၁၉ ဧက စိုက်ပျိုး ထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကုလားပဲစိုက်တောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲ အနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများကို ဖြန့်ဝေပေးလျက်ရှိပြီး ကုလားပဲသီးနှံများအောင်မြင်ဖြစ်ထွန်းရေး၊ လိုအပ်သည့်နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)