ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများ၌ စားအုန်းဆီ တစ်ပိဿာ ငွေ ၇၂၅၀ ကျပ်ဖြင့် ရောင်းချပေး

ကျောက်ဆည် ဇန်နဝါရီ ၂၇

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် စားအုန်ဆီများဝယ်ယူရာ၌ အထောက်အကူပြုစေရန်အတွက် ဇန်နဝါရီ ၂၅ ရက်က ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်ဆီအရောင်းဆိုင်များက စားအုန်းဆီတစ်ပိဿာ ငွေ ၇၂၆၀ ကျပ်ဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ စားသုံးသူပြည်သူများ အရည်အသွေးပြည့်ဝသည့် စားသုံးဆီများ ရောင်းချနိုင်ရေး Resources Group Trading Co.Ltd မှ ဝယ်ယူပြီး ကောင်းတင်ကျေးရွာ ပြည်သူများအား  ဦးတင်လင်းအောင်(အမေထွား)လက်လီ၊ လက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ၂၂၀ ပိဿာ၊ လက်ပန်ကျေးရွာ ပြည်သူများအား  ဒေါ်သဇင်အောင်(နေလသုခ) လက်လီ၊လက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ၃၄၂ ပိဿာ၊ ချောင်းဆုံ၊ ဇရစ်ခဲ လက်လီ၊လက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ၁၁၀ ပိဿာ၊ ကတဲကျေးရွာ ပြည်သူများအား ဒေါ်သက်သက်မွန် လက်လီ၊ လက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ၁၁၀ ပိဿာ၊ ဈေးတန်းရပ်ကွက် ပြည်သူများအား  ဒေါ်စန်းစန်းဌေး(နေလသုခ-၂) လက်လီ၊ လက်ကား အရောင်းဆိုင်မှ စားအုန်းဆီ ၃၃ ပိဿာ၊ ထနောင်းတပ်၊ သင်္ဂတုံကျေးရွာ ပြည်သူများအား ဦးနန်းဦး လက်လီ၊ လက်ကားအရောင်းဆိုင်မှ စားအုန်းဆီ ၁၁၀ ပိဿာအသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)