ဝမ်းတွင်း ဇန်နဝါရီ ၂၇
ပုဂံခေတ် ပေါက်ကန်ရာဇာ အနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီ တော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင် စေတီတော် ၂ ဆူသည် အနော်ရထာ မင်းကြီး၏သားတော် ကျန်စစ်သားနှင့် မိဖုရားခင်တန်တို့တည်ထားကိုးကွယ်ခဲ့ပြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ကာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး မြို့ရွှေမန်းသား ဖိုးချစ်ဇာတ်အလှသဘင် အပါအဝင် အခြားဇာတ်အဖွဲ့များ၊ မြန်မာ့ရိုးရွာနွားအလှနှင့် လှည်းပြိုင်ပွဲများ၊ ခြင်းအလှခတ်ပြိုင်ပွဲ၊ မြန်မာသံစဥ်အဆိုပြိုင်ပွဲ၊ ဘုရားကုန်းတော်ပေါ်တွင် ကလေးများအတွက် ပျော်ရွှင်စရာ ချား၊ ရဟတ်နှင့် ပင်လယ်ဓားမြ၊ ဈေးဆိုင်တန်းများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးများ၊ ပွဲလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလွန်းပျံ