ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ professor ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ယနေ့နံနက် ၉ နာရီခွဲက လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က လူငယ်စကားဝိုင်းများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး professor ကိုယ်ပိုင်အထက်တန်းကျောင်းရှိ လူငယ်စကားဝိုင်း ဆွေးနွေးပွဲမှ Grade-10 ကျောင်းသူလေး မထိုက်ဦးခင်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မအိဖြူစင်ဦးက လူငယ်နဲ့မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10ကျောင်းသူလေး မလင်းသီရိဖြူက လူငယ်နှင့်Social Media ခေါင်းစဉ်ဖြင့် လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့သို့ လူငယ်စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)