ချမ်းမြသာစည် ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် ငွေနှင့် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်၊ သံ၊ သစ်)များပေးအပ်ခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူက အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က နိုင်ငံတော်အနေဖြင့် ငလျင်ဘေးအန္တရာယ်ခံစားရသည့်ပြည်သူများအား ထောက်ပံ့ပေးနိုင်ခဲ့မှုအခြေအနေများ၊ ယနေ့တွင်လည်း နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှသတ်မှတ်ထားသည့် နှုန်းထားအတိုင်း ငွေသားပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် ဝါးထရံအိမ်အတွက် ကျပ်ခြောက်သိန်းခြောက်သောင်း၊ တစ်ထပ်ပျဉ်ထောင်အိမ်အတွက် ငွေကျပ် ၃၃သိန်း၊ နှစ်ထပ်ပျဉ်ထောင်အိမ် ငွေကျပ်သိန်း ၆၀၊ တိုက်ခန်းအတွက် ငွေကျပ် ၄၆ သိန်းနှင့် သွပ် ၂၄ ချပ်၊ အလုံးစုံပျက်စီးသည့် ဝါးထရံအိမ်တစ်လုံးအတွက် အတွက် ငွေကျပ် သိန်း ၂၀၊ တစ်ထပ်ပျဥ်ထောင်အိမ် အတွက် ငွေကျပ် သိန်း ၁၀၀၊ နှစ်ထပ်ပျဥ်ထောင်အိမ် အတွက် ငွေကျပ်သိန်း ၁၈၀ နှင့် သွပ် ၇၄ချပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှု နေအိမ် အလုံး ၂၀ ၊ အလုံးစုံပျက်စီးမှုနေအိမ် လုံး ၁၀ စုစုပေါင်းနေအိမ် အလုံး ၃၀ အတွက် ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။
အလင်းသစ် (ချမ်း/စည်)