ဖျာပုံ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကျင်းပသော ၂၀၂၅-၂၀၂၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ကျောင်းသူများ၊ တိုင်းအဆင့်အောင်ချက်အကောင်းဆုံး ကျောင်းနှင့်ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းအချိန်ကဖျာပုံမြို့သီရိအဏ္ဏဝါခန်းမ၌ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ၂၀၂၅-၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူများ၊ တိုင်းအဆင့်အောင်ချက်အကောင်းဆုံး ကျောင်းနှင့်ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများ ဂုဏ်ပြုဆု ချီးမြှင့်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ/မြို့ဖများ၊ အလှူရှင်များက ၂၀၂၅-၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ရရှိသော ကျောင်းသား/ကျောင်းသူများ၊ တိုင်းအဆင့်အောင်ချက်အကောင်းဆုံးကျောင်းနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူကလေးများက (ပန်းကလေးများ၏ဥယျာဥ်မှူး)သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူ ကလေးများက (ဦးရွှေရိုးနှင့်ဒေါ်မိုး) အကသီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၃) ကျောင်းသား၊ ကျောင်းသူကလေးများက (ဘက်စုံပညာကိုရည်တို့လှမ်းချီ) သီချင်းဖြင့် လည်းကောင်း၊ အ.ထ.က(၄)ကျောင်းသား၊ ကျောင်းသူကလေးများက (စိန်အိုးစည်)သီချင်းဖြင့် လည်းကောင်း အသီးသီးသီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်