အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

အမာ ဇန်နဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရည်ချွန်ဆုပေးပွဲတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ထူးချွန်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ခြင်းဖြစ်ရာ ဦးစွာ အမာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် မိုးကျော်လွင်က အဖွင့်အမှာစကား‌ ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းမှ ဆုပေးပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကား ပြောကြားခဲ့ပြီးနောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ အမာမြို့၊ နယ်မြေရဲစခန်းမှ စခန်မှူးရဲအုပ်မိုးကျော်လွင်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ(ပြန်/ဆက်)