ကျောင်းကုန်း ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးအုပ်စု၊ ဗြိုက်ကြီး ကျေးရွာတောင်သူဦးစောပလေထူး၏ လယ်မြေ၊ ကွင်းအမှတ် ၄၃၃ B ၊ ဦးပိုင်အမှတ် ၄/၅၊ နွေစပါးစိုက် လယ်ကန်သင်းတွင် ကျင်း (၁) ထောင်ဆီ (၁) ပုံး (နေကြာ) စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိုင်းရှိန်းလင်း ထွန်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)