ဒလမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ဒလ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ တုံးတင်ဂံ (တောင်) ကျေးရွာအုပ်စု၊ တုံးတင်ဂံ (တောင်) ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သောက်သုံးရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ယမန်နေ့ ည​နေ (၃) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဒလမြို့နယ်၊ ​တုံးတင်ဂံ (တောင်)​ ကျေးရွာအုပ်စု၊ တုံးတင်ဂံ (တောင်)​ ကျေးရွာအတွင်းရှိ အိမ်​ခြေ (၂၆၇) အိမ်၊ လူဦးရေ (၁၁၃၄၀) ဦးတို့အား ​သန့်ရှင်း​​သောသောက်သုံး​ရေရရှိ​ရေးအတွက် ​​မြေသားရေကန်အား ​ရေကန်ခြံစည်းရိုးကာရံခြင်း (442'×5') ​လုပ်ငန်းကို (၁၂ .၁.၂၀၂၆) ရက်​နေ့တွင်စတင်‌ဆောင်ရွက်ခဲ့ပြီး ​​အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အ​ခြေအနေအား ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စံချောချောခင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)