ရွှေသောင်ယံ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့၊အ.ထ.က (အုန်းချောင်း)တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅-၂၀၂၆ အတွက် KGတန်းမှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများကို တစ်ကိုရေသန့်ရှင်းမှုရှိိစေရန် နှင့်ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်းဟောပြောခြင်း၊ လတ်တလောဖြစ်ပွားနေသောရောဂါများ ရှိ၊ မရှိမေးမြန်းခြင်း ရောဂါများတွေ့ရှိပါက လိုအပ်သော ဆေးပေးခြင်း၊ ဆေးကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသိုကျောင်းကျန်းမာရေးစစ်ဆေးရာတွင် ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေးဆရာမများနှင့် အုန်းချောင်းကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲရှိ ကျန်းမာရေးဆရာမများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင်