ပိုင်ကျုံ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးအကြောင်း သိကောင်းစေရန်၊ စပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တောင်သူများစိုက်ပျိုးရေးထိခိုက်မှုမရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်မွန်က ဒေသခံတောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်စိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအား လိုအပ်သည့်ပမာဏကို လိုအပ်သည့်အချိန်တွင် အလွယ် တကူ ရရှိအသုံးပြုနိုင်ရန်နှင့် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလို မြေဩဇာများထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ မိမိတို့ ဌာန အနေဖြင့် နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် တောင်သူများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် အမြဲအသင့်ရှိပါကြောင်း၊ မြန်မာ နိုင်ငံတွင် လက်ရှိ ကျရောက်နေသော ကော်ဖီနှံကောင်နှင့် ကန္တာရနှံကောင်များအကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ပိုင်ကျုံမြို့အတွင်းရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၂၇) အုပ် စုရှိ ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု တစ်အုပ်စုအတွက် မြေဩဇာ (၂) အိတ်နှုန်းဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ် ရေးမှူးများထံသို့ လင်းနို့ဂူ ဩဂဲနစ်သဘာဝမြေဩဇာအိတ် (၆၄) အိတ်ကို မြို့ဦးစီးမှူး ဦးအောင်မွန်က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)