မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ယမန်နေ့ နံနက် ၈ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရားလမ်း (Terminal ဆီဆိုင်မှ ကျိုက်ဝိုင်းဘုရား) တစ်လျောက်တွင် အုပ်မိုးနေသော သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဌေးနှင့် အဖွဲ့ဝင်များက မြို့နယ်သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ကျိုတ်ဝိုင်းဘုရားလမ်းတစ်လျှောက် လမ်းနှင့်မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေခြင်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်မှ စီမံထန်ထမ်း (၁၀) ဦး၊ သန့်ရှင်းရေးလုပ်သား (၁၀) ဦး၊ ရေစီးရေလာလုပ်သား (၁၀) ဦး၊ ပန်းဥယျာဥ်လုပ်သား (၁၅) ဦး၊ လမ်းတံတားလုပ်သား (၅) ဦး၊ စုစုပေါင်းအင်အား (၅၀) ဦး၊ Forland မော်တော်ယာဥ် (၂) စီး၊ Hopper ယာဥ် (၁) စီးတို့ဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)