မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မီးဘေးလုံခြုံရေးအတွက် အမြဲသတိမူရေး၊ မီးလောင်ပါက မီးသတ်ဆေးဘူးနည်းလမ်းမှန်ကန်စွာဖြင့် အသုံးပြုနည်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် စည်ပင်သာယာရေးဝန်ထမ်းများကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးဆောင်ရွက်ထားရှိမှုအခြေအနေများ စစ်ဆေးပြီး လိုအပ်သည်များကို ရှင်းလင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)