ရန်ကင်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊၊ ရန်ကင်းမြို့နယ်တွင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးရည်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းက မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးကာ ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)