လပွတ္တာ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မီးသတ်စခန်းနှင့် (၁)ဖာလုံခန့်ကွာဝေးသော သုံးမိုင်မြို့သစ်၊ အမှတ် (၃) ရပ်ကွက်၊ အေးသာယာလမ်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် လူနေအိမ် (၂)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၄ နာရီ ၂၂ မိနစ်အချိန်တွင် တာဝန်ကျကင်းသမားမှမြင်၍ လပွတ္တာခရိုင် မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်မျိုးမြင့် ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ လပွတ္တာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၁) စီး၊ မီးသတ်ရေသယ်ယာဥ် (၁) စီး၊ လပွတ္တာမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဥ် (၁) စီး၊ စုစုပေါင်းမီးသတ်ယာဥ် (၃) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၄ နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၃၆ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှု မရှိပါကြောင်းနှင့် မီးလောင်မှုကြောင့် လူနေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ဟိန်းထက်လင်း