ဒေးဒရဲ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဖြူးပေးအပ်မည့်ဆေးဝါးများနှင့် ကျန်းမာရေးပစ္စည်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၁၁) နာရီက မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆေးဝါးသိုလှောင်ရုံ၌ မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာနများသို့ ဖြန့်ဖြူးပေးအပ်မည့် ဆေးဝါးများနှင့်ဆေးခန်းသုံးပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးဝါးများ သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများသို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း