ဖျာပုံ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ ဆေးရုံများတွင် အသုံးပြုရန်အတွက် (မေတ္တာပါရမီရှင်ဖောင်ဒေးရှင်း)မှ Mobile Oxygen Concentrator လှူဒါန်းပွဲကို ဇန်နဝါရီလ (၂၈)ရက်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၍ ကျင်းပ သည်။
ရှေ့ဦးစွာအခမ်းအနားတွင် လိပ်ပြာကန်ကျောင်းတိုက်၊ နန္ဒာအောင်မြေကျောင်း၊ ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသသဒ္ဓမ္မဇောတိကဇ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနစရိယ၊ ဒေါက်တာဘဒ္ဒန္တနိမလ (မေတ္တာပါရမီရှင်ဖောင်ဒေးရှင်း) အရှင်သူမြတ်မှ ဖျာပုံခရိုင်အတွင်းရှိ Mobile Oxygen Concentrator လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း မိန့်ကြားပြီး ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ ကနိ)တို့ရှိ ပြည်သူ့ဆေးရုံကြီးများနှင့် တိုက်နယ်ဆေးရုံများတွင်အသုံးပြုရန် Mobile Oxygen Concentrator (၈) လုံးနှင့် ကွန်ပျူတာလက်တော့ (၂) လုံးတို့အား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာမြို့နယ်အလိုက် ဆေးရုံအုပ်ကြီးများက လက်ခံရယူကြသည်။
အဆိုပါလှူဒါန်းပွဲသို့ လိပ်ပြာကန်ကျောင်းတိုက်၊ နန္ဒာအောင်မြေကျောင်း၊ ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသသဒ္ဓမ္မဇောတိကဇ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ၊ ဒေါက်တာဘဒ္ဒန္တနိမလ (မေတ္တာပါရမီရှင်ဖောင်ဒေးရှင်း)၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် (၄)မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် (၄)မြို့နယ်ဆေးရုံအုပ်ကြီးများ၊ ဆရာတော်ဘုရားကြီး၏တပည့်၊ဒါယကာ၊ ဒါယိကာမများနှင့် ဖျပုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ဖျာပုံခရိုင်အတွင်းရှိ ဆေးရုံးများတွင်အသုံးပြုရန် (မေတ္တာပါရမီရှင်ဖောင်ဒေးရှင်း) ဆရာတော်မှ Mobile Oxygen Concentrator (၈) လုံးနှင့် ကွန်ပျူတာလက်တော့ (၂) လုံး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း (၅၀၀)ကျော်အား လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်