ဘိုကလေး ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ မိဘရိပ်စက်သုံးဆီဆိုင်၊ နွေမိုးဆောင်း စက်သုံးဆီဆိုင်များအား ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် (၉)နာရီက ဖျာပုံခရိုင်၊ မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် ဆီဆိုင်များ၌ မီးသတ်ဆေးဘူးအပါအဝင် မီးဘေးလုံခြုံရေး ပစ္စည်းကိရိယာများ ထားသိုသုံးစွဲခြင်း ရှိ၊မရှိ၊ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆီသိုလှောင်ရောင်းချမှု ရှိ/မရှိ၊ မီးငြိမ်းသတ်နည်းပစ္စည်းကိရိယာများ၊ ဆီမီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ လောင်စာဆီမီးငြှိမ်းသတ်သည့် (FOAM) ဆေးရည်များထားရှိမှု ရှိ၊ မရှိ စသည်တို့ကို စစ်ဆေးဆောင်ရွက်ပြီး ဆီဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးနှင့် ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ရှောင်ကျဉ်ရမည့်ကိစ္စရပ်များအား လမ်းညွှန် မှာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက်