ဘုတ်ပြင်း ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့်ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းကျော်က ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးမည့်လုပ်ငန်းများ၊ ကာကွယ်ဆေးရရှိမှုအခြေအနေများ၊ ကာကွယ်ဆေးအမျိုးအစားများအလိုက် သတ်မှတ်ရက်အတွင်း အကြိမ်ပြည့် ထိုးနှံမည့်လုပ်ငန်းများ၊ ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများ ဆေးထိုးနှံမည့် လူဦးရေစာရင်းများ ရရှိရေးဆောင်ရွက်မှုများနှင့် ယခင်နှစ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသိပေးဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ပြည်ကြီးမဏ္ဍိုင်မြို့၊ ကရသူရိမြို့ရှိ တိုက်နယ်ဆေးရုံများမှ ဆရာဝန်များ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ တာဝန်ခံများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပုံမှန်ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)