ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ကျိုက္ကစံဆံတော်ရှင်စေတီ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုနိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင် ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စေတီတော်ရင်ပြင်နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

 ဦးစွာ လူမှုရေးရာဝန်ကြီးက ကျိုက္ကစံစေတီနှင့် အရံစေတီများ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး၊ မိုးမကျမီအချိန်မီပြီးစီးနိုင်ရေး ကော်မတီဝင်များအားလုံး အချိန်ပေးတာဝန်ထမ်းဆောင်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လမ်းညွှန်မှုခံယူသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ကျိုက္ကစံစေတီဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်မိုး