ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် စာရေး Book Club စာဖတ်ဝိုင်းပြုလုပ်

ဗဟန်း ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က "စာမူရှင်ဖြစ်သူသမိုင်းမြို့မဘုန်းတေဇ၏ "လူ့ လူ လူးနှင့် လူ့သဘောမနောသဘာဝ" စာအုပ်ဖြင့် BookClub စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင်၊ ဗဟန်း BookClub မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့ပြီး စာရေးဆရာမ တင့်တယ်ခင်နှင့် ဆရာမညွန့်ညွန့်ကလောတို့က မုဒိတာစကားပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင်ဘုန်းတေဇမှ "လူ့ လူ လူး နှင့် လူ့သဘောမနောသဘာဝ" အကြောင်းများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက ဆရာကြီး၏ စာအုပ်ကိုဖတ်ကြားခဲ့ကြပြီး စာအုပ်အပေါ်အယူအဆများကို ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့် ဆက်လျဉ်း၍ သမိုင်းမြို့မဘုန်းတေဇမှ "လူ့ လူ လူးနှင့် လူ့သဘောမနောသဘာဝ" စာအုပ်နှင့် ပတ်သတ်ပြီး ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ထိုစာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရပါသည်။

ခရိုင် (ပြန်/ဆက်)